Wednesday, November 21, 2007

တန်ဆောင်တိုင်နှင့်ချယ်ရီမြေ

တန်ဆောင်မုန်းလ ရောက်ပီဆိုရင် ဟို....ငယ်ငယ်ကလေးထဲက သိနေတဲ့ ပွဲတော်တစ်ခုကို သတိယမိတယ် အဲဒီပွဲတော်က မြန်မာပြည်တစ်ခုလုံးမှာ တစ်နေရာတည်း အင်တိုက်အားတိုက် စည်စည်ကားကား ကျင်းပတဲ့ တောင်ကြီးမြို့ ရဲ့ တောင်ကြီးတန်ဆောင်တိုင်ပွဲဘဲ ဖြစ်တယ်။ တောက်ကြီးတန်ဆောင်တိုင်ပွဲကို ဟိုနှစ်ပေါင်း မြောက်များစွာကတည်းက ကျင်းပခဲ့ကြတဲ့ ရိုးရာပွဲတစ်ခုလည်းဖြစ်တယ် ရိုးရမပျက်လည်း အခုချိန်ထိ ဆက်လက် ကျင်းပနေကြတယ်
မီးပုံးပျံပွဲတော်ဆိုတာ တောင်ကြီးတန်ဆောင်တိုင်ပွဲနဲ့ ယှဉ်တွဲရှိနေတဲ့ ပွဲတော်တစ်ခုဘဲ၊ ဒီနှစ်မှာလည်း မီးပုံးပျံပွဲကို တောင်ကြီးမြို့မှာ စည်စည်ကားကားကျင်းပနေတယ်၊ သူငယ်ချင်းတို့လည်း အဲဒီ မီးပုံးပျံပွဲကို ကြည့်ကြရအောင် ဒီနားလေးမှာ နှိပ်ကြည့်လိုက်လေ နေ့စဉ်ကျင်းပနေတဲ့ မီးပုံးပျံပွဲတွေကို တင်ထားတယ် အလွမ်းပြေပေါ့သူငယ်ချင်းတို့ရာ.......


အမှတ်တရ တန်ဆောင်တိုင်

ဒီနှစ် တန်ဆောင်မုန်းလပြည့်နေ့ဟာ (၂၄-၁၁-၀၇)ရက်နေ့မှာ ကျရောက်မှာဖြစ်ပါတယ်
ပါချူးတို့ငယ်ငယ်ကတန်ဆောင်မုန်းလပြည့်ရောက်ပီဆိုရင် အဖွားက တန်ဆောင်မုန်းလပြည့်နေ့ရဲ့ ထူးခြားချက် ကလေးတွေ ပြောပြောပြတတ်တယ်။
တန်ဆောင်မုန်းလပြည့်နေ့ဟာ တနှစ်လုံးမှာ လမင်းအလင်းရောင် အတောက်ပဆုံးအချိန်ဖြစ်တယ်ဆိုပီး အပ်ပေါက်ထဲကို အပ်ချည်ထိုးခိုင်းတယ်၊ ပါချူးတို့ အပြိုင်အဆိုင်အပ်ပေါက်ထိုးခဲ့ကြရတယ်၊ နောက်ပီး ၀ိတ်ဇာဇော်ဂျီတွေ ဆေးကြိတ်ရာမှာ ဆေးစွမ်းအထက်ဆုံးအချိန်တဲ့၊ ဒီအစီအစဉ်ကတော်တော်ကောင်းတယ် မယ်ဇလီဖူးသုတ်စားရတယ်။
အဖွားသုတ်ပေးတဲ့ မယ်ဇလီဖူးသုတ်ကို ပြောပြမယ်
မယ်ဇလီဖူးတွေကို အပင်ကခူး (အခုတော့ ဈေးကနေ၀ယ်ပေါ့နော်)၊ ဖုန်သဲစင်အောင် ရေဆေး၊ အိုထဲထဲ့၊ ရေနဲနဲ ထည့်ပီးပြုတ်တော့တာဘဲ
ရေကို ပွက်လာလိုက် သွန်ပြစ်လိုက် တစ်ခါထပ်ပြုတ်လိုက်နဲ့ (၃)ခါလောက်ပြုတ်ပြစ်တယ်။
လပြည့်ညရောက်ပီဆိုရင် ပြုတ်ပီးသား မယ်ဇလီဖူးကို ငရုပ်ဆုံနဲ့ အလုံးကွဲရုံထောင်း၊ နှမ်း၊ မြေပဲထောင်း၊ ဆီချက်၊ ဆား အားလုံးထည့်ပီး နယ်တော့တာဘဲ၊ အိမ်သားအားလုံးလည်းစားရတယ် အိမ်နီးနားချင်း တွေကိုလည်း လိုက်ဝေရတယ်၊ အိမ်နီးနားချင်းတွေကလည်း ပါချူးတို့အိမ်ကို လာဝေကြတယ်လေ။
ပါချူးတို့က ဘယ်အိမ်က ဘယ်လိုပုံစံနဲ့ သုတ်တာလဲဆိုတာသိရအောင် အားလုံးစားတာပေါ့၊ အဖွားကလည်း ပြောတယ် သူ့ရာသီမို့ပေါ်တဲ့ အသီးအနှံဟာ ဘယ်လောက်စားစား ဘေးမဖြစ်ဘူးတဲ့လေ... ဟား......... ဟား ပါချူးတို့ အကြိုက်ပေါ့.....
မေမေတို့လက်ထက်မှာတော့ ပုဇွန်ခြောက်တို့ ငရုပ်သီးစိမ်းတို့ပါလာဘီလေ
ပါချူးတို့လက်ထက်မှာတော့ ဘာမှကို မသုတ်တော့ဘူး သူများလာဝေတာဘဲ စားတော့တယ်.......ဟဲ....ဟဲ
သူငယ်ချင်းတို့ရော......ဒီနှစ်တန်ဆောင်တိုင်မှာ မယ်ဇလီဖူးသုတ်ကြဦးမှာလား ပါချူးကိုလည်း ပေးကြပါဦးနော်

ဒါလေးတွေစားကြည့်ရအောင်

သူငယ်ချင်းတို့ရေ
ပါချူးတို့ မနက်အစောစာကို အဆင်ပြေသလိုစားနေကြတယ်လေ ဒီအထဲက ပါချူးစားဖြစ်တာလေးတွေကို တင်ပေးလိုက်တယ် သူငယ်ချင်းတို့လည်း အဆင်ပြေရင် စားကြည့်ကြပါလား၊ ပါချူးက ပေါင်မုန့်ကြိုက်တော့ ပေါင်မုန့်ကို အမျိုးမျိုးလုပ်စားဖြစ်တယ်......... အချိန်ကုန်သက်သာပီးဗိုက်ဝတဲ့ စားစရာလေးတွေလေ

ပေါင်မုန့်မီးကင်ပြီး ရိုးရိုးဆီဆမ်း၊ ကော်ဖီ
ပေါင်မုန့် နှင့် ကြက်သားဟင်းတွဲပီးစား ၊ ဘလက်ကော်ဖီသောက်
ပေါင်မုန့် နှင့် စားတော်ပဲပြုတ်ဆီစမ်း၊ ဘလက်ကော်ဖီ
ပေါင်မုန့်နှင့် အစိမ်းကြော် တွဲပီးစား၊ လ္ဘက်ရည်သောက်
ပေါင်မုန်နှစ်ခုကြားထဲ ကြက်ဥကြော်ညှပ်စား၊ ဘလက်ကော်ဖီသောက် ....ကြက်ဥက ကြက်ကြက် မကြက်ကြက်ရတယ်
ငှက်ပျောသီးကြော်၊ လ္ဘက်ရည်
ငှက်ပျောသီး၊ ကော်ဖီ၊ လ္ဘက်ရည်တစ်မျိုးမျိုးနှင့်တွဲစား
ထောပတ်သီး(ဘာအချိုမှမထည့်ဘူး)
သင်္ဘောသီးမှည့်

တစ်ခါတစ်လေလည်း အိုးထဲရေနဲနဲထည့်၊ ပွက်လာရင် ခေါက်ဆွဲ(ကြာဇံ)၊ မုံညင်း (အရွက်တစ်ခုခု-ကန်ဇွန်းရွက်ဖြစ်ဖြစ်၊ မုံလာထုတ်ဖြစ်ဖြစ်)ထဲ့ အချို၊ အငန်ကို ကိုယ်ကြိုက်သလိုထည့် ဒါက အသားသတ်လွတ်အတွက်....... အသားရှိရင် အသားတစ်ခုခုထဲ့လည်း ရတယ်
သူငယ်ချင်းတို့ရော ဘာတွေလုပ်စားဖြစ်ကြလဲ။ အချိန်ကုန်သက်သာတယ်၊ ကျန်းမာရေးနှင့်လည်း ညီညွတ်တယ်၊ စားလို့လည်းကောင်းတယ်..... ပါချူးကဒါတွေကြိုက်တာကိုး ဟဲ.....ဟဲ.......ဟဲ

Thursday, November 15, 2007

မှတ်မိသမျှ

Teach an eagle to fly.
(also) Don't teach your grandmother how to suck eggs.
မိကျောင်းမင်းရေခင်းပြ။
A burnt child dreads fire.
ခဲမှန်ထားတဲ့စာသူငယ်ဟာ ခဲမြင်ရုံနှင့်ကြောက်။
Once bitten twice shy.
တစ်ခါသေဘူး ပျဉ်ဖိုးနားလည်။
An apple a day keeps the doctor away.
တန်ဆေးလွန်ဘေး။
Cut your coat according to your cloth.
သူ့အိုးနှင့် သူ့ဆန် တန်ရုံခတ်။

Tuesday, November 13, 2007

သူငယ်ချင်းတို့ရေ နောက်နေ့မှနော်

ပါချူးအလုပ်တွေများနေတယ်
ခရီးကလည်းထွက်လိုက်သေးတယ်
ပို့စ် အသစ်တွေရေးချင်တယ်
လုပ်ချင်တာဘဲသိတယ်
ခေါင်းထဲမှာလဲဘာမှ မရှိဘူးဖြစ်နေတယ်
်အိပ်ရေးပျက်ခဲ့တဲ့ ညတွေများနေလို့
အိပ်ရေး အချည်းပြန်ဆပ်လိုက်ဦးမယ်
နောက်နေ့ မှဘဲရေးတော့မယ်

Friday, November 9, 2007

ပါချူးမှတ်မိသမျှ


ပါချူးတို ရှစ်တန်းတုံးက အင်္ဂလိပ်စာဆရာက ဦးမြင့်ဆွေ၊ စာသင်အရမ်းကောင်းပြီး စေတနာအပြည့်အ၀ထားတဲ့ ဆရာတစ်ဦးပါ၊ ဆရာက အင်္ဂလိပ်စကားပုံကလေးတွေကို အကျက်ခိုင်းခဲ့ပါတယ် တစ်နေ့ရောက်ရင် အသုံးဝင်မယ် တဲ့ ပါချူးတို့ ငယ်ငယ်ကကျက်ခဲ့တာလေးတွေကို memo recall ပြန်ခေါ်ပြီး ချရေးပေးလိုက်တယ် မသိသေးတဲ့ သူငယ်ချင်းတွေလဲ သိရအောင်လေ။ ဒါလေးတွေက ငယ်ငယ်ကကျက်ခဲ့လို့ မှတ်မိနေတာ၊ ကြီးမှ ကျက်ခဲ့တာဆိုရင် ဒီလောက်မှတ်မိမှာမဟုတ်ဘူး..... ဒါ ပါချူးရဲ့ကိုယ်ရည်သွေးချက်လေ.......

A soft answer turneth away warth.
နှုတ်ချို သျှိုတစ်ပါး။
Practice makes perfect.
အကျင့်ရှိမှ အသင့်ဖြစ်မည်။
When in Rome do as a Rome does.
အများမိုးခါးရေသောက်ရင် ကိုယ်လည်းသောက်ရမယ်။
Make hay while the sun shines.
လသာတုံး ဗိုင်းငင်။
Killing two birds with one stone.
တစ်ချက်ခုတ် နှစ်ချက်ပြတ်။
Cut your coat according to your cloth.
သူ့အိုးနှင့် သူ့ဆန် တန်ရုံခတ်။

အခုတော့ ဒါလေးတွေဘဲမှတ်မိသေးတယ်......... နောက်ထပ်ရေးနိုင်အောင် စဉ်းစားလိုက်ဦးမယ်

Wednesday, November 7, 2007

ရှမ်းမုံ့တီချက်စားကြရအောင်


ပါချူးရှမ်းမုံ့တီကိုကြိုက်တယ် ရှမ်းမချက်တိုင်းသွားသွားစားတယ် ချက်နည်းကိုလည်း မေးထားတယ် ပါချူးသိတဲ့ ရှမ်းမုံ့တီချက်နည်းက

ငါး ၁၅ ကျပ်သားကို ရေဆေးပြီး ဆား၊ ဆနွင်းနယ် ရေနဲနဲ ထည့်ပြီးပြုတ် ကျက်ရင် အသားထွင်ထား၊
ချက်မဲ့အိုးထဲကို ဆီ၂ကျပ်ခွဲသားထည့်၊ ကြက်သွန်ဥ ကြီးကြီး ၂ ဥ လှီးထည့်၊ ခရမ်းချဉ်သီးအနေတော် ၂ လုံးလောက်ထည့် ဂျင်း၊ ကြက်သွန်ဖြူထောင်းထည့်ပြီး ဆီသတ်၊ ထွင်ထားတဲ့ ငါးအသားတွေထည့်၊ ပြီးလျှင်ရေကို ၅ယောက်စာမှန်းထည့်၊ ဆားထည့်၊ ပွက်ပွက်ဆူလျှင် မုံ့ဖတ် ကြက်သွန်မိတ်၊ နှမ်းကြက်သွန်ဖြူဆီချက်နဲ့တွဲဘက်ပြီး ရှမ်းမုံ့တီစားနိုင်ပါပြီ။

မှတ်ချက်။ ။ရှမ်းမုံ့တီမှာ ငန်ပြာရည် လုံးဝမထည့်ရပါ။

ကာရံမဲ့ ခေါင်းစဉ်မဲ့


လပြည့်ည
လမင်းရဲ့အလင်းရောင်
လောကတစ်ခုလုံးလင်းထိန်
ကြယ်ကလေးတွေရဲ့အလင်းရောင်
ရှိနေသားနဲ့ ဘယ်မှာလဲကွယ်။

လကွယ်ည
အလင်းရောင်လေးတော့ရှိနေ
ဒါပေမဲ့
ကြယ်ကလေးတွေပိုလင်းနေ

ဘယ်အချိန်ဘဲဖြစ်ဖြစ်
ကြယ်ကလေးတွေကတော့ ထာဝရရှိ

တောက်ပတဲ့အလင်းရောင်မရှိပေမဲ့
ထာဝရလင်းပေးနေတဲ့ ကြယ်ကလေးပါ..........

ပါချူး ကဗျာမရေးတတ်ဘူး ဒါပေမေဲ့ မနေ့ ည ၉နာရီလောက်မှာ ကောင်းကင်ကြီးကို မော့ကြည့်ပီး ရေရွတ်ခဲ့မိတာတွေကို ချရေးမိတာပါ ဘာကာရံမှလည်းမသိ ဘာကာရံမှလည်းမမိတဲ့ စာကြောင်းကလေးတွေပါ ကြိုးစားပီးဖတ်ပေးကြပါ သူငယ်ချင်းအပေါင်းတို့ရေ....................