Monday, March 17, 2008

ဦးနှောက်ထဲမှာ ဗလာဖြစ်နေတယ်။ ပို့စ်အသစ်လည်း တင်ချင်တယ်။ ရေးလည်းရေးချင်တယ်။ မနက်ကတည်းက ၀င်ထားပီး ညပိုင်းထိ ဘာမှမရေးဖြစ်ဘူး။ ဘာရေးရမလဲလို့ စဉ်းစားလိုက်တဲ့အချိန်မှာ ဟိုတစ်စ ဒီတစ်စဘဲ ထွက်လာတယ်။ စိတ်သာရှိတာ ရေးလို့မရဘူးဖြစ်နေတယ်။ လုပ်လက်စ အလုပ်တစ်ခုကိုလည်း လက်စသတ်နေတာ မပီးနိုင်ဘူးဖြစ်နေတယ်။ လမ်းမဘက်ကို ငေးကြည့်ရင်း အတွေးအားလုံးကို လိုက်စုနေတော့လဲ အသုပ်စုံ တစ်ခုလို ဖြစ်နေတယ်။ သူငယ်ချင်းတို့ကိုလည်း တစ်စစီဖြစ်နေတဲ့ အတွေးစတွေကို မလှမပ ချမပြချင်ဘူး။ သူငယ်ချင်းတွေ ဘလော့ဂ်ကို လိုက်ကြည့်နေတာလဲ မျက်စေ့အောင့်လာတာနဲ့ နားလိုက်ရတယ်။ ဒါပေမဲ့ မကြီးပါချူးဘဲ တစ်ခုမရ တစ်ခုပေါ့။ ကော်ဖီထဖျော်လိုက်တာပေါ့။ ကော်ဖီနဲ့တွဲပီး ဘာစားရမလဲ စဉ်းစားတော့ လွယ်တာတစ်ခုထွက်လာတယ်။ ပေါင်မုန့်နှစ်ချပ်ကြားမှာ အစိမ်းကျော်ညှပ်ပီး စားလိုက်တာပေါ့။ သူငယ်ချင်းတို့ရော စားကြပါဦး။

No comments: