Sunday, January 6, 2008

ဟူး................

စာမေးပွဲဖြေရဦးမယ် ကျက်စရာတွေကလည်း အများကြီး ဖတ်စရာ တွေကလည်း မကုန်နိုင်ဘူး ဘယ်ကနေ ဘယ်လို စကိုင်ရမှန်းတောင် မသိတော့ဘူး။ စာတွေလဲ မကျက်ချင်ဘူး ဖတ်လည်း မဖတ်ချင်ဘူး ဖြစ်ချင်ရာဖြစ် ထားလိုက် ချင်တယ်။ စိတ်ထဲမှာသာ ရှိတယ် ဦးနှောက်က ခွင့်မပြုဘူး။ မလုပ်ချင်တော့တာတွေကို ၀တ္တရား အရ လုပ်နေရတယ်။ တော်တော် လေနေဘီ အချိန်ကုန်ပီး ထိရောက်မှု မရှိသလို ဖြစ်နေတယ် အားလည်းမရဘူး။ စိတ်နဲ့ ဦးနှောက်နဲ့ လွန်ဆွဲနေသလို ဖြစ်နေတယ် အချိန်ကလည်း သိပ်မရှိတော့ဘူး........ ဟူး........ ရင်လေးတယ် ဘယ်လို လုပ်မှ အဆင် ပြေမလဲကွာ ............................

2 comments:

အနတ္တ said...

မကြီးရေ…အနတ္တကတော့ ဘယ်စာတွေဘယ်လိုကျက်၊ ဘယ်စာတွေဘယ်လိုဖတ် ဆိုပြီး အကြံပေးနိုင်လောက်အောင်လည်း အနတ္တကိုယ်တိုင်က ဘာမှမသိပါဘူး။ တခါတေလေ အနတ္တ မလုပ်ချင်တဲ့ ကိစ္စတွေနဲ့ကြုံလာရင်၊ မဖြစ်မနေလုပ်ရတော့မယ်ဆိုရင်၊ နှစ်မျိုးစဉ်းစားမိပါတယ်။ တစ်မျိုးက လောကုတ္တရာနည်းလေ…အဲဒါကတော့ ပျော်လို့လုပ်သည်ဖြစ်စေ… မပျော်ဘဲနဲ့လုပ်သည်ဖြစ်စေ… နိဗ္ဗါန်ကိုသွားရာလမ်းကြောင်းပေါ်မရောက်ဘူးဆိုရင် အမှားပဲလို့။ လူတွေတော်တော်များများကတော့ လုပ်ချင်လို့လုပ်နေကြတာပဲကို။ အဲဒါကြောင့်လည်း ဘုရားက ပုထုဇဉ် တွေက အရူးနဲ့တူတယ် ဆိုပြီးဟောကြားခဲ့တယ်လို့ မှတ်သားဖူးပါတယ်။ တခါတလေ ကိုယ်တစ်နေ့လုံး လုပ်ခဲ့တဲ့ အလုပ်တွေကို လောကုတ္တရာ ဆန်ကာနဲ့ တိုက်ချလိုက်တဲ့အခါမှာ ဆန်ကာတင် ဘာမှမကျန်ဘဲဖြစ်နေတာကို သွားသွားတွေ့နေရတယ်။ အဲဒါတောင် အနတ္တရဲ့ဆန်ကာက အပိတ်ကြီးကို အနတ္တသိတာလေးတစ်ခုတွေ့လိုက်ဖောက်လိုက် လုပ်ထားတဲ့ နှစ်ပေါက်သုံးပေါက် သာပါတဲ့ ဆန်ကာလေ။…. ထားပါတော့။ နောက်တစ်ခုက လောကီနည်းလေ….ဒီနည်းကတော့ မကြီးနဲ့လည်း တိုက်ဆိုင်မယ်လို့မျှော်လင့်ပါတယ်။ ဘာဖြစ်လို့ဆိုတော့ မကြီးက မောင်တွေ၊ ညီမတွေ အပေါ်မှာ သံယောဇဉ် ရှိမယ်လို့မျှော်လင့်လို့ပါပဲ။ ကိုယ်မလုပ်ချင်တဲ့အလုပ်တစ်ခုကို လုပ်ရတော့မယ်ဆိုရင် ကိုယ်အတွက်လုပ်တယ်လို့ သဘောမထားပဲနဲ့ ကိုယ်သံယောဇဉ်ရှိတဲ့သူအတွက်လုပ်တယ်လို့ သဘောထားပြီးလုပ်လိုက်ပေါ့။ သစ်တစ်ပင်ကောင်းရင် ငှက်တစ်သောင်းနားနိုင် ဆိုတဲ့အတိုင်းပေါ့။ နောက်တစ်ခုကတော့ မကြီးရေ… အလယ်မယ်ပြစားတော့မယ်ဆိုရင်တော့ မြွေကိုရွံနေလို့တော့ မရတော့ဘူးနော်……။ အနတ္တယုံကြည်ပါတယ်….မကြီးရာ…. မကြီးအားတင်ပြီးတော့သာလုပ်လိုက်။ မကြီးရဲ့ အခက်အခဲဟာ… အိမ်မက်ကနေ အလန့်တကြားနိုးလာသူလိုပဲ ခုဏကဖြစ်ခဲ့တာတွေက ငါအိမ်မက်မက်နေတာပါလားလို့ ဖြစ်လိမ့်မယ်ထင်တယ်။

magyi-parchuu said...

အနတ္တ
စာမေးပွဲဖြေဆိုတဲ့ အလုပ်ကြီးကို မလုပ်ချင်ဆုံးဘဲ အကျိုးသက်ရောက်မှုကို ဖွင့်ပြောပြလို့ မကောင်းတာတွေရှိတယ်။ မကြီးက အားလုံးကို သိနေတယ်။ လောကမှာ အားလုံးမသိတာဟာ တခါတလေတော့ ကောင်းတယ်ဟ။ ဒါကြောင့်မို့ မကြီး စာလုပ်ဘို့ စိတ်မ၀င်စားတာလဲ ပါတယ်။ မလုပ်ရင်ကလည်း မဖြစ်နဲ့ မကြီး ကိုယ့်ကိုကိုယ် စိုးရိမ်စိတ်များနေတာလည်း ပါတယ်။
စာမေးပွဲ အတွက်ကတော့ စိတ်ချပါ။ မကြီးဘ၀တစ်လျှောက်မှာ ဖြေသမျှ စာမေးပွဲတိုင်း အောင်- အောင် ဖြေနိုင်ခဲ့တာ ပါဘဲ။ မကြီးနာမည် အပျက်တော့ မခံပါဘူး။ အောင်ရှင်းရှင်းနဲ့ အောင်-အောင် ကတော့ မကြီးရအောင်လုပ်မှာပါ။ ဒါဟာမကြီး အတွက်ပါ။ စိတ်ပူပေးပြီး အားပေးတဲ့ အနတ္တ ကို ကျေးဇူးတင်ပါတယ်။ တစ်ကယ်ပါ။
အနတ္တရေ ဒို့တစ်တွေ တစ်ခါလောက် လူစုပီး တွေ့ကြရရင်ကောင်းမယ်နော်။ မကြီး မင်းတို့ တစ်တွေကို တွေ့ချင်တယ်။