Thursday, January 10, 2008

ကိုယ့်အတွက်

လူ့လောကကို ရောက်ရှိဘို့ရာ
အင်နဲ့အားနဲ့ အားကုန်ရှိမျှ
တိုးခဲ့ရတယ်။

ဝမ်းဗိုက်ဆာတော့ အစာရဘို့
အာခေါင်ခြစ်လို့ အားကုန်ရှိမျှ
အော်ခဲ့ရတယ်။

ကျောင်းနေတော့လည်း စာတွေရဘို့
ဦးနှောက်ကိုသုံး အားကုန်ရှိမျှ
မှတ်ခဲ့ရတယ်။

အလုပ်ခွင်ထဲ ၀င်ပြန်တော့လည်း
သူများနောက်က မကျရအောင်
အားကုန်ရှိမျှ လုပ်ခဲ့ရတယ်။

ယခုအသက်အရွယ် ရောက်တဲ့အချိန်ထိ
အားကုန်ရှိမျှ လုပ်နေသော်လည်း
ဘ၀သံသရာ ကိုယ်အတွက်ပါမူ
အားကုန်ရှိမျှ လုပ်ဘို့နေသာ
အချိန်တွေအများကြီး ရှိသေးတယ်ဟု
နှစ်သိမ့်ကိုယ့်ကို ကျေနပ်နေခဲ့။

ဘ၀လမ်းခရီး
တစ်ခဏလေး
ဖြတ်သန်းချိန်ဝယ်
ကိုယ့်အတွက် ဘယ်နှစ်ခါ
အားကုန်ရှိမျှ လုပ်ခဲ့ပါလဲ။

2 comments:

ခိုင်မြဲ said...

မကြီး .....
ကဗျာ ကို ဖတ်ပြီး ... ၆ တန်းတုန်း က
“ ထိပ်ဆုံး ... သို့” ဆိုတဲ့ ကဗျားလေးကို သတိရ မိတယ်...
ကျွန်တော် တို့ ... အခု အလုပ်လုပ်နေတာ
ဘာ အတွက် လို့ ခေါင်းစဉ် တပ် ရမလဲ ... ဟင်
ဘယ်တော့ မှလဲ ... ဆုံးမှာ မဟုတ်ဘူး..
.............
ဟူး....................
တွေး လိုက်ရင် ..
ရင်မောတယ်ဗျာ...........

အနတ္တ said...

မကြီး… အနတ္တ ကိုယ်တိုင်တော့မကျင့်ကြံနိုင်ပါဘူးလေ။ ဒါပေမယ့် တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ ပြောလေ့ရှိတဲ့ စကားလေး ကိုတော့ ကြိုက်လို့ မှတ်သားဖူးပါတယ်။ အဲဒါကတော့…. "ကိုယ်တည်းတစ်ယောက် ချမ်းသာရောက်ဖို့ ခုလောက်ကြိုးကုတ် အားမထုတ်ဘူး……." တဲ့ ဆိုင်မဆိုင်တော့မသိဘူး မကြီးရေ… ကိုယ်အတွက်ဆိုလို့ သတိရတာနဲ့ရေးပေးလိုက်တာပါ။