Wednesday, March 18, 2009

ငိုချင်တယ်

သွားလေရာ ဟိုဒီနားမှာ
တူးပို့တဲ့ မြူးကြွသံ
ရင်ထဲထိ တိုးဝင်လာတဲ့
သင်္ကြန်ရဲ့ ရနံ့လေးကြောင့်
ပျော်ရွှင်ဘွယ် ကြည်နူးမှု
ခံစားချက်လေး လှိုက်ခနဲပျော်........
ဒါပေမဲ့လေ...............................
သင်္ကြန်ဟာ ကိုယ်နဲ့ မဆိုင်သလို
ဝေ့တက်လာတဲ့ မျက်ရည်တစ်စနဲ့
ကြေကွဲစွာ ၀မ်းနည်းမိ.................

3 comments:

Anonymous said...

ဟင့်အင်း မကြီးပါချူး သင်္ကြန်က ကျနော်တို့နဲ့ဆိုင်တယ်။ မနွှဲဖြစ်လည်း ရင်ထဲမှာ အမြဲရှိနေမယ်

Welcome said...

မဆိုင်ဆို
မကြီးက ရိပ်သာဝင်မလို့လားဗျာ ..
သင်္ကြန်ကတော့
မြန်မာဗုဒ္ဓဘာသာဝင်တိုင်းနဲ့
သက်ဆိုင်တယ်လို့ ထင်ပါတယ်
ရေမကစားဖြစ်တောင်မှ
နှစ်သစ်ကိုကြိုတဲ့အနေနဲ့
အတာအိုးလေးတော့ ထိုးကြတာပေါ့
စိတ်လည်းမညစ်ပါနဲ့
နိုလည်း မနိုပါနဲ့ ..

magyi-parchuu said...

ရင်ထဲမှာ ရှိနေတဲ့ သင်္ကြန်ဟာ ဘယ်တော့မှ မပျောက်ပျက်ပါ ဘူးကွာ ထာဝရ ရှိနေပါတယ်....... မနွဲရလို့ အားမလို အားမရ ဖြစ်ပီး ရေးထား တာပါ။ မနှစ်ကလည်း မကြီး အလုပ်ထဲမှာ ရှိနေရတာ။ ဒီနှစ်လည်း အလုပ်ထဲမှာ ရှိနေရမယ်ထင်တယ်။ ဒါကြောင့်မို့ သင်္ကြန် မနွဲရတာကို စိတ်လဲတိုတယ် ငိုလည်း ငိုချင်တယ်။ သင်္ကြန်မှာ မကြီး တရားစခန်း ၀င်ဖြစ်ပါတယ်။ တနှစ်မှ တစ်ခါထဲ ၀င်လို့ ရတဲ့ ငြိမ်းချမ်းမှုလေးကိုတော့ ရချင်တယ်လေ။ အလုပ်ထဲ ဆိုပေမဲ့ ဥပုဗ်တော့ ရအောင် စောင့်ဖြစ်ပါတယ်။ အတာအိုး ဆိုပီး မြေအိုးလေးနဲ့ မထိုးဖြစ်တဲ့ နှစ်တွေလည်း ကြာနေပါပြီ။ ဘုရားအိုးမှာပဲ ကိုယ့်ဟာကိုယ် အတာအိုး လုပ်ပြီး ပန်းတွေ ဝေနေအောင် ထိုးပြီး ကုသိုလ် ယူဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပိတ်ရက်ရှည်ဆိုလို့ ဒီသင်္ကြန် ပိတ်ရက်ပဲ ရှိတာလေ ဒီရက်ကလေးမှာ အိမ်ပြန်ပြီး အဖေနဲ့ အမေ့ဘေးလေးမှာ နေချင်တာပေါ့ကွာ........ မပြန်ရတဲ့ အခြေအနေမှာ............... ပြောချင်တော့ဘူး ငိုချင်လာပြီ