Friday, May 2, 2008

မိုး

မိုးရေဖွေးဖွေး အေးအေးထဲမှာ
ပျော်ရွှင်ပြေးလွား ကစားခဲ့ကြတာ မှတ်မိသေးလား
သူငယ်ချင်း။
မိုးအေးအေးမှာ နှစ်ယောက်အတူ
ိုဖတ်ခဲ့ကြတဲ့ကာတွန်းတွေကို မှတ်မိသေးလား
သူငယ်ချင်း။
မိုးအေးအေးမှာ နှစ်ယောက်အတူ
ကျားဘိုဆွဲလို့ ကစားခဲ့ကြတာ မှတ်မိသေးလား
သူငယ်ချင်း။
မိုးရွာနေလို့ နှစ်ယောက်အတူ
ကျောင်းလစ်ကြတာ မှတ်မိသေးလား
သူငယ်ချင်း။
မိုးရွာထဲမှာ ထီးတစ်ချောင်းထဲ
နှစ်ယောက်အတူ ဆောင်းခဲ့ကြတာ မှတ်မိသေးလား
သူငယ်ချင်း။
မိုးရွာနေတဲ့ အခုချိန်မှာ
မီးမီးသားသား အိမ်ဆွဲလွဲနဲ့
မမောပန်းနိုင် ပျော်ရွင်နေလား
ဒါမှမဟုတ်...........
စိတ်ရှုတ်နေလား အလုပ်ရှုတ်နေလား
မှန်းဆလို့တွေး လွမ်းမိနေတယ် သူငယ်ချင်း။

1 comment:

အနတ္တ said...

"မိုး" ရေ.... မင်းကို သနားလိုက်တာကွာ။ သူငယ်ချင်းဆိုတဲ့ သူငယ်ချင်းကို ပြောချင်တာနဲ့ မင်းကခေါင်းစဉ်တပ်ခံရတယ်နော်။
မှတ်ချက်။ ။ ကောင်းတမန်လိုများလား?