Monday, April 28, 2008

အတူတူ

ငှက်ကလေးတွေရဲ့ တေးဆိုသံတွေကို
အတူတူ နားထောင်ကြရအောင်။

စမ်းချောင်းကလေးတွေရဲ့ စီးဆင်းသံကို
အတူတူ ကြည်နူးကြရအောင်။

သားကောင်ကြီးတွေရဲ့ ဟိန်းဟောက်သံကို
အတူတူ ထိတ်လန့်ကြရအောင်။

တောတောင်ရဲ့ သဘာဝအလှကို
အတူတူ ခံစားကြရအောင်။

မဆုံးနိုင်တဲ့ ခရီးရှည်ကို
အတူတူ လျှောက်လှမ်းကြရအောင်။

ဒီလိုဖြစ်ဘို့
တို့နှစ်ယောက် အတူတူ
လူတွေနဲ့ဝေးရာကို သွားကြရအောင်။

1 comment:

အနတ္တ said...

မကြီးရေ…. အနော်လည်း မကြီးလိုပဲ ခံစားချက်ချင်း အတူတူပဲလေ…