Friday, July 18, 2008

ကိုယ့် စေတနာကို
တစ်ပါးသူ
တန်ဖိုး ထားသည်ဖြစ်စေ၊
မထားသည်ဖြစ်စေ
ကိုယ့်စေတနာ
ကိုယ်တန်ဖိုး ထားဖို့ဘဲ လိုတယ်။

(ဓမ္မဒူတ အရှင်ဆေကိန္ဒ)
ဘုန်းကြီးကျောင်းသွားဖို့ အချိန်မရှိဘူး
တရားနာဖို့ အချိန်မရှိဘူး
သေဖို့ရော အချိန်မှ ရှိကြသေးရဲ့လား။

လူပီသတဲ့ လူဘ၀နဲ့
ငါဘယ်နှစ်နှစ် နေသွားမလဲဆိုတာ
ပြန်တွေးကြည့် နေရမယ်။

(ရှင်ဥာဏိဿရ)
သူများ ထိခိုက်သွားအောင်
ပြောနိုင်၊ ဆိုနိုင်၊ လုပ်နိုင်မှ
ကိုယ့်ကိုယ်ကို တော်တဲ့သူ
စွမ်းတဲ့လူ၊ ထက်တဲ့သူလို့
ခံစားရသလား။
သူများ ကိုယ့်ကို ကြောက်နေမှ
ကိုယ့်ကိုယ်ကို စွမ်းအားကြီးတဲ့သူလို့
ခံစားရသလား။
သူများ ဂုဏ်သိက္ခာကျသွားမှ
ကိုယ့်ဂုဏ်သိက္ခာ တက်မှာလား။

(ဆရာတော် ဦးဇောတိက)

Tuesday, July 15, 2008

ဒီနေ့

ဝမ်းသာပျော်မြူး ကြည်နူးနေလဲ

မှတ်မိနေတယ် ဒီ ရက်ကလေး။

ဝမ်းနဲပက်လက် ရင်မှာမချိလဲ

မှတ်မိနေတယ် ဒီ ရက်ကလေး။

ရုန်းကန်လှုပ်ရှား မနားရလဲ

မှတ်မိနေတယ် ဒီ ရက်ကလေး။

တေလေစိတ်နဲ့ လွင့်မျောနေလဲ

မှတ်မိနေတယ် ဒီ ရက်ကလေး။

ဦးနှောက်ဗလာ ဖြစ်နေပါမူ

အရာအားလုံး မေ့သွားသော်လဲ

မှတ်မိနေတဲ့ နှလုံးသားက

ဖျောက်ဖျက်မရတဲ့ ဒီ ရက်ကလေး။

Friday, July 11, 2008

မဟာဆုတောင်းပြည့် နှီးဘုရားကြီး

ပီးခဲ့တဲ့ ပိတ်ရက်က မေမြို့ အနီးစခမ်းနားမှာရှိတဲ့ နှီးဘုရားကြီးကို မကြီးသွားပီး ဖူးခဲ့ရတယ်။ အချိုးအစား ကျနပီး လွန်စွာ ကြည်ညိုဖွယ် ကောင်းသော ဘုရားတစ်ဆူ အဖြစ် ဖူးခဲ့ရပါတယ်။ နှီးဘုရားကြီး ရက်လုပ်နေစဉ် ကလည်း တစ်ခါ ဖူးဘူး ပါတယ်။ အခု တစ်ခါဟာ ဒုတိယ အကြိမ် ဖူးဘူးတာပါ။
နှီးဘုရား ရက်လုပ် ပူဇော်သူကတော့ ဗိသုကာဆရာကြီး လုံးအွန်ဆိုင် (တာချီလိတ်မြို့၊ ဝှေလေလန်ရွာ)က ဖြစ်ပါတယ်။ နှီးဘုရားကြီးကို မေမြို့ အနီးစခန်း၊ ဖောင်းတောရွာ၊ ဆင်ခေါင်းကြီးကျောင်းဝင်း၊ ညောင်ပင်ကြီး အောက်မှာ ယာယီ စံကျောင်းတော် ဆောက်ပီး ရက်လုပ်ပူဇော်ခဲ့ပါတယ်။

စတင်ပီး ရက်လုပ်တဲ့နေ့--------------- ၁၃၆၆ခု၊ နတ်တော်လပြည့်
စတင်သည့်အချိန်.-------------------- နံနက် (၈)နာရီ
ပြီးစီးသည့်နေ့------------------------ ၁၃၆၆ခု၊ ပြာသိုလဆန်း (၁၄)ရက် (ကြာချိန် တစ်လတိတိ)
ဝါး၊ နှီး အလုံးပေါင်း-------------------- ၈၄၀၀၀

ထူးခြားချက်
စတင်ရက်လုပ်ချိန် နံနက်(၈)နာရီ အချိန်တွင် ထူးခြားစွာ မြေငလျင်ကြီး ပြင်းထန်စွာလှုပ်ခြင်း။
ညောင်ပင်ကြီး အရှေ့ဘက် ကိုင်းမှလည်း အံ့ဖွယ် အခါမဲ့ အသီး (၈၄)လုံး သီးခြင်း တို့ဘဲဖြစ်ပါတယ်။

နှီးဘုရား ရက်လုပ်စဉ်အချိန်မှာ မကြီး ရောက်သွားခဲ့တုံးက ညောင်သီးတွေကို မကြီးလည်း တွေ့မြင်ခဲ့ရပါတယ်။

နှီးဘုရားကြီး၏ ဘွဲ့တော်မှာ "မဟာဆုတောင်းပြည့် နှီးဘုရားကြီး" ဖြစ်ပါတယ်။
အခုတော့ နှီးဘုရားကြီးကို ပတ္တမြားတောင် မှာ ကိန်းဝပ်စံပယ်နေတာကို ဖူးခဲ့ရပါတယ်။


Photobucket
ဒီညောင်ပင်ကြီး အောက်မှာ နှီးဘုရားကြီး ရက်လုပ်

Photobucket
နှီးဘုရားကြီးအား ဖူးမျှော်ရန် ပတ္တမြားတောင်ပေါ် တက်လမ်း

Photobucket
မဟာဆုတောင်းပြည့် နှီးဘုရားကြီး
Photobucket
ပတ္တမြားတောင်ပေါ် မှ မြင်ရသော ကျောက်တောင်ကလေး
Photobucket
ပတ္တမြားတောင်ပေါ် မှ မြင်ရသော အနီးစခန်း လေယဉ်ပြေးလမ်း

Tuesday, July 8, 2008

ဘဝ

တွေ့ကြုံဘ၀ ရင်ဆိုင်ဘို့ရာ
အာမာန်အပြည့် ထွန်းလင်းပေးတဲ့
ဖေဖေ့မျက်နှာ နေမင်းပမာ။
သနားညှာတာ ခွင့်လွှတ်သည်းခံ
ငြင်သာနူးညံ့ အေးမြအပြုံးနဲ့
မေမေ့မျက်နှာ လမင်းပမာ။
ဘ၀တစ်ခု ရပ်တည်ဘို့ရာ
မနားရအောင် လှုပ်ရှားရုန်းကန်
ပင်ပန်းကြီးစွာ လျှောက်လှမ်းနေ၍
မိုးသားတိမ်ညို ဖုံးအုပ်သလို
နေမင်း လမင်း အလင်းရောင်လည်း
အမှောင်တိကျ မမြင်ရတဲ့
ရက်လတို့လည်း ကြာနေဘီ။

Monday, July 7, 2008

မမေးလိုက်ပါနဲ့

ဘယ်သွားနေလဲ
မမေးလိုက်ပါနဲ့
နင်မသိအောင်
ငါ ဘယ်ကို သွားခဲ့ဘူးလဲ။
ဘာလုပ်နေလဲ
မမေးလိုက်ပါနဲ့
နင်မသိအောင်
ငါ ဘာကို လုပ်ခဲ့ဘူးလဲ။
ဘယ်လောက်ချစ်လဲ
မမေးလိုက်ပါနဲ့
နင်မသိအောင်
ငါလုပ်ခဲ့တာ
နင့်ထက်ပိုလို့
ချစ်တာတတ်တာလေး
တစ်ခုထဲပါ။

Wednesday, July 2, 2008

လွမ်းမိပါတယ်

ဟင်းချက်ညံ့တဲ့ သမီး မလေး
ထမင်းစားတိုင်း တမ်းတမိတာ
ကြက်သားဟင်းနဲ့ မလဲနိုင်တဲ့
အမေချက်တဲ့ ချဉ်ပေါင်ဟင်း
စားရရင်ဖြင့် ထမင်းမြိန်မှာဘဲလို့
တမ်းတမ်းတတ ရှိနေလျှက်က
မျှော်မှန်းလို့ အရသာ
သောက်လိုက်တဲ့ ရေတစ်ခွက်နဲ့
ဗိုက်ပြည့်လို့ တော်လိုက်ရတဲ့
ထမင်းအနပ်ပေါင်း မြောက်များစွာကို
ကျော်ဖြတ်ခဲ့တဲ့ အကြိမ်ကြိမ်တိုင်း
သမီး လွမ်းမိပါတယ် အမေရယ်။