Friday, January 30, 2009



















သူငယ်ချင်းတို့ရေ ဒီနေ့ ပါချူး လုပ်စားဖြစ်တဲ့ မုန့်ကလေးပါ။ မုန့်လက်ဆောင်း (မုန်လုတ်ဆောင်း)လို့ ခေါ်ပါတယ်။
နွေခါ ပူပူမှာ မုန့်လက်ဆောင်းကလေး သောက်လိုက်ရရင် ရင်ကို အေးသွား စေပါတယ်။ အရည်ကြိုထားတဲ့ ထန်းလျှက်ရေ ထဲကို မုန့်လက်ဆောင်း ဖတ်ကလေးကို ထည့် နှမ်းထောင်းလေး ဖြူး ပြီး သောက်တာပါ။ မကြီးကတော့ အုန်းသီးကြိုက်လို့ အုန်းသီးခြစ် ကလေးပါ ထည့်ပါတယ်။ ချိုချို အေးအေးလေးနဲ့ ရင်ကို အေးသွား စေတဲ့ မုန့်တစ်ခုပါ။ အိမ်မှာပဲ သက်သက် သာသာ လုပ်စားလို့ရတဲ့ အလုပ်မရှုတ်စေတဲ့ မုန့်ပါ။

2 comments:

Welcome said...

မုန့်လက်ဆောင်းကို ကြိုက်တယ်၊ ထန်းလျက်ရည်နဲ့ပါ။ အုန်းသီးတော့ မစားချင်ဘူး။ မကြိုက်လို့ပါ။ ၀ယ်စားမှ အရသာရှိတယ်။ အိမ်မှာ အလျှံပယ်လုပ်စားရင် စားမကောင်းဘူးနော်။

parchuu22 said...

ထင်လို့ပါဟယ် .... မကြီး အခုရောက်နေတဲ့ နေရာဆို ပိုက်ဆံရှိလို့တောင် ၀ယ်စားစရာ မရှိဘူး။ ကိုယ့်တိုင်လုပ်စားမှပဲ စားရတာ။ ဗိုက်မ၀ခင် ရပ်ပစ်လိုက်တဲ့ အစားအစာ မှန်သမျှ ကောင်းတာချည်းပဲ။