Friday, January 23, 2009

ရင်ဆိုင်မယ်

ဘ၀တစ်ကွေ့ ခဏဆိုသော်လည်း
မမြင်နိုင်တဲ့ အခက်အခဲ
ဘယ်အချိန်မှာ ဘယ်လိုများကျရောက်
စိတ်တထင့်ထင့် စိုးရိမ်စိတ်ကြောင့်
ရင်ဆိုင်နိုင်ရန် အားကြိုမွေးလို့
စိန်ခေါ်ဘို့ မာန်ကိုတင်း
လာစမ်းဟဲ့ ဒုက္ခ
အဖေါ်တွေပါ ခေါ်လာခဲ့
ပြေးတွေ့ဘို့ အဆင်သင့်။

No comments: