Saturday, January 3, 2009

အနှောင့်ယှက်

ရောင်နီလာတဲ့ နံနက်ချိန်တိုင်း
ဇီးကွက် ဇီးကွက် အော်မြည်သံက
အိပ်တန်းတက်မယ် နှုတ်ဆက်သံ။

စာကလေးတွေ ကျလိကျလိ
နိုးထနေပြီ ရက်သစ်တစ်ခုရဲ့
မင်္ဂလာပါ နှုတ်ဆက်သံ။

ရွှေကျည်းလေးရေ တအာအာနဲ့
ဧည့်သည်လာပေါ့ လာပါပေါ့လို့
ကြိုဆိုနေတဲ့ အသံလေး။

ခွေးလေးဘော်ဘီ တအီအီနဲ့
သခင်အိပ်ယာ ထချိန်ရောက်ပြီ
သတိပေးတဲ့ နှုတ်ခွန်းဆက်။

နေ့ခင်းနေ့လည် ထမင်းစားချိန်
ယောက်ဖခွေးခေါ် အသံလေးက
ထမင်းမြိန်လား စားကောင်းလား
မေးနေသလို အသံလေး။

ညခင်းမှောင်ရီ ပျိုးနေချိန်မှာ
ကျိကျိ ကျိကျိ နှုတ်ဆက်နေတဲ့
ကြက်တူရွေးတို့ အိပ်တန်းပြန်။

တစ်နေ့လည်လုံး မအားရအောင်
စိတ်ရောလူရော လုံးပန်းနေလည်း
ပျော်ရွှင်ကြည်နူး မပင်ပန်းခဲ့။

မီးကိုပိတ်လို့ စောင်ခေါင်းမူးခြုံ
စိတ်ကိုလျှော့လို့ အနားယူစဉ်
ဂျစ်ဂျစ် ဂျစ်ဂျစ် အသံတွေက
ဟိုမှသည်မှ ထွက်ပေါ်လာရာ
အိပ်လို့မရ ထွက်ရှာမှပဲ
တွေ့ပါပြီလေ ဒင်းကလေးကို
ဟိုမှာ......... ဒီ ကြွက်စုတ်။

3 comments:

Anonymous said...

ကြွက် ထောင်ချောက်လေး ဝယ်ပြီး ထောင်ထားလိုက်လေ... ဒါဆို နားအေးပြီ....

magyi-parchuu said...

ကျားလေးရေ..... ဒီမှာ ကြွက်တွေက ပေါမှပေါပဲ။ ကြွက် ထောင်ချောက်လောက် ကတော့ မိလည်း လာပါပြီ နောက် တစ်ကောင်ပေါ့ဟာ။ ကြောင်ဆိုလည်း ကွေ့ပတ် ရှောင်နိုင် တယ်ဟ။ အင်း........... ကျား မှ ဖြစ်မယ်ထင်တယ်။ :P

Kyaw Nyo Thway said...

သည်းခံပါအစ်မရယ်။ အကောင်လေးတွေ သနားပါဒယ်။