ကြည့်လိုက်ရင် ပြုံးရွှင်ပီး
တက်ကြွနေတဲ့ မျက်နှာကလေးနဲ့
လူတိုင်းကို အဆင်ပြေအောင်
ပေါင်းနိုင်သူလို့ ပြောကြတယ်။
မိဘကပြစ်ထား
မောင်နှစ်မတစ်တွေက ဖယ်ကြဉ်
အားလုံးနဲ့ အဆက်အသွယ်ပြတ်
ကြာခဲ့ဘီ နှစ်ပေါင်းများစွာ။
လောကမှာ ကြည့်လိုက်ရင်
တစ်ယောက်ဟာ ထာဝရ
ရှိသေးတယ်ဆိုတဲ့ အသိနဲ့
အားတက်ခဲ့ရ။
"အရင်က အကြောင်းတွေကို
လုံးဝ မမှတ်မိတော့ဘူး" တဲ့
ထွက်သွားတဲ့ စကားတစ်ခွန်း
ရင်ထဲမှာ ဗလာဖြစ်စေခဲ့။
လောကမှာတစ်ယောက်ထဲ
အားတင်းခါ နေခဲ့ရ
ဘေးနားမှာ ဘယ်သူမှမရှိ
ပျော်ရွှင်၊ ၀မ်းနည်း၊ ကြည်နူးမှုတွေကို
ဘယ်သူနဲ့ မျှဝေရပါ့။
ရင်ထဲမှာရှိသလောက်
ဖွင့်ဟကာ ဟစ်ချင်သော်လဲ
ပြောချင်တိုင်းပြောလို့မရတဲ့
အထီးကျန်တဲ့ ငါ့ဘ၀။
Sunday, December 30, 2007
Friday, December 28, 2007
သူငယ်ချင်းတို့ရေ မကြီးစုထားတဲ့ ဓါတ်ပုံတွေထဲက ရေနေ သတ္တ၀ါတွေနှင့် ငါးအမျိုးမျိုး တို့ကို တင်ပေး လိုက်တယ် တစ်ချို့လည်း လှတယ် တစ်ချို့လည်း ကြည့်ရတာ အဆင်မပြေဘူး ဒါဟာ လူအပါအ၀င် သတ္တ၀ါ အမျိုးမျိုးမှာ ရှိနေတဲ့ ဘ၀ပေး အခြေအနေတွေလေ။ ဘယ်တော့မှ ပြုပြင်ပြောင်းလဲလို့ မရတဲ့ သဘာဝ တွေပါ။ သဘာဝ တရားကြီးကို ကျေကျေနပ်နပ် လက်ခံလိုက်ရင် အားလုံးဟာ အဆင်ပြေ သွားလိမ့်မယ်လို့ မကြီး ထင်တယ်လေ သူငယ်ချင်းတို့ရော ????????????????????
Thursday, December 27, 2007
ဘာအရောက်ကြိုက်လဲ
| BLUE |
You give your love and friendship unconditionally. You enjoy long, thoughtful conversations rich in philosophy and spirituality. You are very loyal and intuitive.
သူငယ်ချင်းတို့ရေ မကြီးပါချူးက အပြာရောင် ကြိုက်ပါတယ်တဲ့၊ ဟုတ်ပါတယ် ကွယ် မကြီး ငယ်ငယ် ကတည်းက ကြိုက်ခဲ့တဲ့ အရောင်ဟာ အပြာရောင် ပါ။ ကိုယ့်စိတ်ထဲမှာ ကြည်ပီး အေးမြသွားတယ်လို့ ထင်လိုက်ရတယ်။ ကြိုက်လည်း တစ်ကယ်ကြိုက်တယ်။ သူငယ်ချင်းတို့ရော ဘာအရောင် ကြိုက်လဲဟင် သိချင်ဘူးလား........
Tuesday, December 25, 2007
Monday, December 24, 2007
Tuesday, December 18, 2007
နောက်နေ့ မနက် (၄)နာရီမှာ မကြီးအိပ်ရာကထပီး ဘုရားကို ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွေးတိုင်ကပ်ပီး သံဗုဒ္ဓေကို ပုတီး (၃)ပတ်စိတ်ပီး ပူဇော်နေမိတယ်၊ မကြီးရဲ့စိတ်ထဲမှာ ပဌာန်းရွတ်ပီးပူဇောချင်မိတယ် ဒါပေမဲ့ ပဌာန်းအကျယ်ကို မကြီးမရဘူးဖြစ်နေတယ်၊ပါဠိအတိုကလေးဘဲရွတ်နေမိတယ်တိုက်တိုက်ဆိုင်ဆိုင် မကြီး ဘေးနားက လူတစ်ယောက်က ပဌာန်းအကျယ်ရွတ်နေတယ် မကြီးလည်း ဘာရမလဲ ကော်ပီယူတော့တာပေါ့ ဟဲ ဟဲ ( copy, paste က computer သမားတိုင်း တတ်တယ်လေ၊ တတ်သည့် ပညာမနေသာပေါ့ဟာ)၊ နောက်မှမိသားတစ်စုနှင့် အမှတ်တရ ဓါတ်ပုံတွေရိုက်ကြနဲ့ ပျော်ကြရတယ်။

နေ့လည် (၁၁)နာရီလောက်မှ ကားနှင့် တောက်လျှောက် ကင်ပွန်းစခန်းထိ ပြန်ဆင်းလာကြတယ်။ နောက်မှ ကိုယ့်ကားနှင့် ချိန်းပီး ပဲခူးကိုပြန်လာတာ လမ်းတစ်လျှောက်မှာ အတွေအကြုံတွေပြန်ပြောကြ၊ ပြောင်နောက် အော်ဟစ်နေကြတဲ့ ပျော်စရာခရီးစဉ်ကလေးပါ။
Subscribe to:
Posts (Atom)


