Friday, January 30, 2009



















သူငယ်ချင်းတို့ရေ ဒီနေ့ ပါချူး လုပ်စားဖြစ်တဲ့ မုန့်ကလေးပါ။ မုန့်လက်ဆောင်း (မုန်လုတ်ဆောင်း)လို့ ခေါ်ပါတယ်။
နွေခါ ပူပူမှာ မုန့်လက်ဆောင်းကလေး သောက်လိုက်ရရင် ရင်ကို အေးသွား စေပါတယ်။ အရည်ကြိုထားတဲ့ ထန်းလျှက်ရေ ထဲကို မုန့်လက်ဆောင်း ဖတ်ကလေးကို ထည့် နှမ်းထောင်းလေး ဖြူး ပြီး သောက်တာပါ။ မကြီးကတော့ အုန်းသီးကြိုက်လို့ အုန်းသီးခြစ် ကလေးပါ ထည့်ပါတယ်။ ချိုချို အေးအေးလေးနဲ့ ရင်ကို အေးသွား စေတဲ့ မုန့်တစ်ခုပါ။ အိမ်မှာပဲ သက်သက် သာသာ လုပ်စားလို့ရတဲ့ အလုပ်မရှုတ်စေတဲ့ မုန့်ပါ။

Thursday, January 29, 2009























မောင်ငယ်လေး နှစ်ယောက်က သူတို့ အကြိုက် သစ်သီး ကလေးတွေ ပါမလာဘူးဆိုလို့ မကြီး ထပ်တင် ပေးလိုက် ပါတယ်နော်။ မောင်ငယ်လေးတွေ ဒီအသီးလေးတွေကို ကြိုက်ကြမယ်လို့ ထင်ပါတယ်။

















ပါချူး ကြိုက်လည်း ကြိုက်တယ် စားလည်း စားဖြစ်တဲ့ အသီး အနှံကလေးတွေပါ။

Wednesday, January 28, 2009

တပို့တွဲလဆန်း (၃)ရက်နေ့ မှာ ကျရောက်သော ဖေဖေနဲ့ ပါချူး မွေးနေ့မှာ ထမနဲ အလှူ လုပ်ပါတယ်။ သူငယ်ချင်း အပေါင်းအား ထမနဲ ကြွေးပါတယ်။ အားပါးတရ စားကြပါ။





ဖေဖေ့ မွေးနေ့

ဖေဖေရေ….. ဒီနေ့မှာ ကျရောက်သော ဖေဖေရဲ့ မွေးနေ့မှသည် နောင်နှစ်ပေါင်း မြောက်များစွာ ………

မေမေနဲ့အတူတူ ပျော်ရွှင်နိုင်ပါစေ။

ဖေဖေရဲ့ လိုအင်ဆန္ဒအပေါင်း အားလုံးပြည့်ပါစေ။

မိသားစုနဲ့ အတူ ပျော်ရွှင်ခြင်းပေါင်း မြောက်များစွာနဲ့ အတူနေနိုင်ပါစေ။

စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ။

ဖေဖေရဲ့ မေတ္တာတွေကို သမီးခံယူချင်ပါသေးတယ်။

ဖေဖေ့ကို အချိန်ကြာမြင့်စွာ အလုပ်ကြွေး ပြုစုနိုင်ပါရစေ။

လောကီ လောကုတ္တရာ နှစ်ဖြာသော အကျိုးကို သယ်ပိုးနိုင်ပါစေ။

သမီးမွေးနေ့

ဆောင်းတစ်ခုရဲ့ နံနက်ခင်း

လူကလေးတစ်ယောက် လောကထဲရောက်ဖို့

နာကျင်စွာ ကြိုးစားနေရရှာတဲ့

မလေးချစ်တဲ့ သမီးမေမေ။


စိုးရိမ်စိတ်တွေ ရင်မှာပိုက်

ဣိတိပိသော နှုတ်တိုက်ရွတ်

အခန်းရှေ့ ဘယ်ညာလျှောက်နေတဲ့

မလေးချစ်တဲ့ သမီးဖေဖေ။


သာယာတဲ့ နံနက်ခင်း

ကြိုဆိုနေတဲ့ လောကကြီးကို

မင်္ဂလာအပေါင်း ခညောင်းပါကြောင်း

အူဝဲဆိုတဲ့ နှုတ်ဆက်သံ။


မောပန်းတဲ့ မေမေ့ရင်နဲ့

စိုးရိမ်တဲ့ ဖေဖေ့စိတ်ကို

အေးငြိမ်းအောင် အသံပေးခဲ့တာ

ဒီနေ့ဆို နှစ်ပါတ်လည်ပေါ့။


နောင်လာမည့် နှစ်ပေါင်းများစွာ

သမီးအတွက် စိုးရိမ်သောက

ရင်မှာမောပန်း ပင်ပန်းမှုအပေါင်း

မြူတစ်မှုံမျှ မရှိရအောင်

လိမ္မာစွာ ဆတိုးလို့ နေပါ့မည်။


မိဘရဲ့ မေတ္တာအပေါင်း

ဦးထိပ်တင် ရင်မှာပိုက်ပြီး

ကျေးဇူးတော် ဂုဏ်တော်အနန္တကို

သမီးမလေး ဒီနေရာမှ

ဝန်ချကန်တော့ ရှိခိုးလိုက်ပါတယ်

ဖေဖေနဲ့ မေမေ။

Friday, January 23, 2009

ရင်ဆိုင်မယ်

ဘ၀တစ်ကွေ့ ခဏဆိုသော်လည်း
မမြင်နိုင်တဲ့ အခက်အခဲ
ဘယ်အချိန်မှာ ဘယ်လိုများကျရောက်
စိတ်တထင့်ထင့် စိုးရိမ်စိတ်ကြောင့်
ရင်ဆိုင်နိုင်ရန် အားကြိုမွေးလို့
စိန်ခေါ်ဘို့ မာန်ကိုတင်း
လာစမ်းဟဲ့ ဒုက္ခ
အဖေါ်တွေပါ ခေါ်လာခဲ့
ပြေးတွေ့ဘို့ အဆင်သင့်။

Friday, January 9, 2009

ကွက်လပ်

ပျော်ရွှင်မှုတွေ ရင်မှာပိုက်ပြီး
နှုတ်ကဖွင့်ဟ ပြောလိုက်ချင်တဲ့
သမီးမလေး။

အောင်မြင်ခဲ့တဲ့ ၀မ်းသာမှုကို
ပထမဆုံး မျှဝေခံစား တမ်းတမိတဲ့
သမီးမလေး။

အခက်အခဲရှိလို့ တိုင်ပင်ရအောင်
လှမ်းလို့တမ်းတ သတိရမိတဲ့
သမီးမလေး။

မိဘကိုမှ တမ်းတမိတာ
တစိမ့်စိမ့်တွေး တောင့်တခဲ့မိ
သမီးမလေး သိလိုက်ရတဲ့
ငတ်လို့မပြေ သောက်မပြေတဲ့
အချိန်တိုင်းမှာ လိုအပ်နေတာ
သမီးမလေးရဲ့ မိဘမေတ္တာ။