Monday, December 10, 2007

ဒီဇင်ဘာလ မွေးနေ့ရှင် အားလုံးအတွက်

စိတ်မီးအိမ်မောင်နှစ်မတွေမှာ ဒီဇင်္ဘာလထဲ မွေးနေ့ရှင်က ထူးထူးခြားခြား (၃)ဦးတောင်ဖြစ်နေတယ် ခိုင်မြဲ၊ သစ္စာ၊ ကောင်းတမန်၊ ဒါပေမဲ့ ဒီနေ့ ဒီဇင်္ဘာလ (၁၂)ရက်နေ့ မွေးနေ့ရှင်က ကောင်းတမန်လေ။ မကြီးပါချူး လည်း ပို့စ်အသစ်တင်ဖို့ဖြစ်လာတယ် သူငယ်ချင်းတွေရဲ့ မွေးနေ့မှာ သူတို့အတွက် အမှတ်တရ တင်ဖြစ်ချင်တယ် မအားတဲ့ကြားထဲက (ဟဲ.... ဟဲ အလည်ထွက်နေလို့) အသစ်တင်ဖြစ်အောင် ကြိုးစားလိုက်တယ်။

မွေးနေ့ရှင်တို့ရေ မကြီးပါချူး ဖတ်ထားတဲ့ ဆရာတော် ဦးဇောတိက (မဟာမြိုင်တောရ) စာအုပ်တစ်အုပ်ဖြစ်တဲ့ "ဘာကိုတန်ဖိုးထားရမလဲ" ဆိုတဲ့စာအုပ်ထဲက စာသားကလေးတွေကို ရေးပေးလိုက်တယ် စာလုံးတစ်လုံးချင်း ဆီမှာ အနှစ်သာရ အပြည့်အ၀ရှိတဲ့ စာသားကလေးပါ။

လူ့စိတ်ဆိုတာ ပြောင်းလဲမှု အမျိုးမျိုးရှိတယ်လေ သတိယတိုင်း ဒီစာသားလေးကို ဖတ်မိရင် သူငယ်ချင်းတို့ တစ်တွေ စိတ်ရဲ့အင်အားတစ်ခု၊ အထောက်အကူတစ်ခု ရနိုင်တယ်လို့ မကြီးပါချူးထင်တယ်
  • ကိုယ့်မှာရှိနေတဲ့ အရည်အချင်းကောင်းတွေကို အရင်ကထက်ပိုပြီး ထွက်ပေါ်လာအောင်၊ ကိုယ့်ဘ၀မှာ ဖြစ်နိုင်သမျှ ကောင်းတာတွေ ဖြစ်လာအောင်၊ ပြည့်စုံလာအောင်လုပ်တာ၊ ကိုယ့်မှာရှိတဲ့ အဆင့်မြင့်တဲ့ စိတ်ထားတွေ၊ အရည်အချင်းတွေ ထွက်လာအောင် လုပ်တာဟာ ကိုယ့်တာဝန်ကိုကိုယ် ကျေပွန်အောင် လုပ်တာပါ။
  • ငါ ဘာကိုတန်ဖိုးထားပြီး နေသွားနေတာလဲ၊ ငါတန်ဖိုးထားတာပေါ်မှာ ငါ့ယုံကြည်မှု ဘယ်လောက် ခိုင်မာသလဲ၊ အဲဒါပေါ်မှာမူတည်ပြီးတော့ ငါ့စိတ်၊ ငါ့အင်အား၊ ငါ့ကိုယ်ကျင့်သိက္ခာ၊ ငါ့စိတ်ရဲ့စုစည်းမှု ဆိုတာတွေ ဖြစ်လာတာ။
  • ငါ ဘယ်လိုလူဖြစ်လာမလဲဆိုတာ ငါ အချိန်တိုင်း အချိန်တိုင်း ဘာတွေဆုံးဖြတ်နေသလဲ ဆိုတာပေါ် မူတည်တယ်။
သူငယ်ချင်းတို့ရေ

(၁၂-၁၂-၀၇)ရက်နေ့တွင် ကျရောက်သော ကောင်းတမန်၏ မွေးနေ့ပွဲသို့ မပျက်မကွက် ကြွရောက်ကြပါရန် ခင်မင်ရင်းနှီးစွာဖြင့် ဖိတ်ကြားအပ်ပါသည်။

အချိန် ။ ။ နံနက် (၉း၀၀)နာရီ
နေ့ရက် ။ ။ ၁၂-၁၂-၀၇ (ဗုဒ္ဓဟူး)နေ့
နေရာ ။ ။ magyi-parchuu.blogspot.com

မွေးနေ့ဖိတ်စာ ရိုက်နေတယ်



Wednesday, December 5, 2007

စိတ်ထဲမှာဘဲ

ပါချူး ရန်ကုန်မှာ ရွှေတိဂုံ ဘုရားကို ကုန်းတော်ပေါ်ထိတက်ပြီး မဖူးရသေးဘူး၊ ဆူးလေဘက်ကိုသွားရင်း လမ်းမ ပေါ်ကနေပီးဘဲ ဖူးနေရတယ် စိတ်ထဲမှာတော့ အရှေ့ဘက်မုဒ်ကနေ ကုန်းတော်ပေါ်တက် တစ်ဝက်လောက်မှာ ဓါတ်လှေခါးစီး (အသက်ကြီးတော့ အပေါ်ထိတန်းမတက်နိုင်တော့ဘူး ဟဲ....... ဟဲ) အပေါ်ကို ရောက်ရင် ကကုသာန် မြတ်စွာဘုရားကို ဦးတိုက်ရှိခိုး၊ ဘုရားကို တစ်ပတ် ပတ်ပြီး အေးအေး ဆေးဆေး တစ်နာရီလောက် ကုန်းတော်ပေါ်မှာ နေချင်တာ စိတ်ထဲက ဆန္ဒသာရှိတယ် အခုထိမလုပ်နိုင်သေးဘူး ဖြစ်နေတယ် အော်........ စိတ်သွားတိုင်း ကိုယ်ပါတဲ့သူ ဖြစ်ရပါလို၏လို့ ဘုရားကိုရောက်ရင် အောင်မြေကနေ ဆုတောင်းတစ်ခု တိုးပြစ်လိုက်ဦးမယ်