Sunday, October 28, 2007

လွမ်းမိတဲ့သီတင်းကျွတ် ညကလေး


သီတင်းကျွတ်ညကိုရောက်ရှိလာပြီ

အညာကိုလွမ်းတယ် ဒီအချိန်မှာဆိုရင် မီးထွန်းလှည့်ပွဲတွေရှိနေမယ် ရပ်ကွက်လိုက်မီးထွန်းပွဲတွေကို အပြိုင်အဆိုင်လုပ်နေကြပီ ငယ်ဘ၀ ကလေးကိုလွမ်းမိတယ်.......ညနေ ၅နာရီလောက်ဆိုရင် မီးထွန်းပွဲအတွက် သူငယ်ချင်းမိန်းကလေးတစ်တွေစုပြီး ပြင်ဆင်နေကြဘီ ၇နာရီလောက်မှာ မီးထွန်းပွဲစတယ် ဆီမီးခွက်ကလေးတွေကိုကိုင်ပြီး စီတန်းလှည့်တယ် ဘုရားတွေအားလုံးသွားပီး ဆီမီးပူဇော်ကြတယ် သူငယ်ချင်း ယောကျာင်္လေးအဖွဲ့က ဗျောက်ဖေါက်ဘို့ ပြင်ဆင်နေကြတယ် (အဲဒီအချိန်က ဗျောက်ဖေါက်လို့ရတယ်)။ အပျိုချောကလေးတွေနားမှာ အကူညီပေးမလိုလုပ်ပီး ကပ်လိုက်ကြတယ်လေ...........
တစ်ညကို ဘုရား ၅ဆူလောက် ပူဇော်ရတယ်.......ရေလည်ဘုရားကို ပူဇော်နေကြရင် အရမ်းကြည့်ကောင်းတယ် ဘုရားစေတီပေါ်က ဆီမီးတွေရယ် ရေထဲက ဆီမီးတွေရယ် ကောင်းကင်ပေါ်က လမင်းကြီးရဲ့ အလင်းရောင်ရယ်ဟာ ကြည့်လို့မ၀နိင်တဲ့ ရှုခင်းကလေးဘဲ ........ အခုချိန်ထိ မျက်စေ့ထဲမှာ ပြန်မြင်ယောင်ပီး ကြည်နူးနေမိတယ်........သီတင်းကျွတ်ရောက်ပီဆိုရင် သူငယ်ချင်းတွေကိုလည်း လွမ်းတယ် အညာကိုလည်းလွမ်းတယ်..............

သီတင်းကျွတ်ရဲ့ အချိန်ကလေး

သီတင်းကျွတ်လပြည့်နေ့
ငယ်သူငယ်ချင်းတွေ အားလုံးစုပြီး ပုဂံညောင်ဦးကို သွားကြတယ်တဲ့ .......
ပါချူးမလိုက်နိုင်ဘူး ဒီမှာ ရှိနေတဲ့သူငယ်ချင်းတစ်တွေစုပြီး ပျော်ပွဲလေးလုပ်ကြတယ်
မနက်အစောစာကို ရှမ်းမက ရှမ်းမုံ့ တီချက်ကြွေးတယ်.... နှစ်ပုဂံလောက်တီးပြစ်လိုက်တယ်
နေ့လည်စာကို အုံးထမင်း နှင့် ကြက်သား ချက်စားတယ်........ ငရုပ်သီးတောင့်လုံးကြော်လေးနှင့် သရက်ချဉ်ကလေးလည်းပါတယ်
ဟင်းရည်ကို ဒန့်သလွန်ရွက် ဟင်းချိုချက်တယ်.....အုံးထမင်းသွေးတိုးတာကို ပြန်ချတာလေ....
ညပိုင်း ၇နာရီလောက်မှာ လျှပ်စစ်မီးအားလုံး ပိတ်လိုက်ကြတယ်
ဘုရား၊ ကော်ရစ်ဒါ၊ ပြူတင်းပေါက် အားလုံးကို ဆီမီးထွန်းလိုက်ကြတယ်........
ဟိုအဝေးဆီက မီးပုံးပျံလွှတ်တင်နေတယ် .....အလုံး ၁၀၀၀ လောက်ရှိမယ်
တစ်ဝကြီးထိုင်ပီးကြည့်နေကြတယ်.....စကားတွေပြောကြတယ်
ဘယ်တော့ခွဲပြီး ဘယ်တော့မှာ ပြန်ဆုံကြရမလဲဆိုတာမသိရတဲ့ သူငယ်ချင်တစ်စု
ရတဲ့အချိန်ကလေးမှာ ယူပြစ်လိုက်ကြတာ
နောင်တစ်ချိန်ရဲ့ လွမ်းစရာကလေးတွေပေါ့.......
ဒါလေးတွေက အမှတ်ရစရာကလေးတွေလေ.........