
သီတင်းကျွတ်ညကိုရောက်ရှိလာပြီ
အညာကိုလွမ်းတယ် ဒီအချိန်မှာဆိုရင် မီးထွန်းလှည့်ပွဲတွေရှိနေမယ် ရပ်ကွက်လိုက်မီးထွန်းပွဲတွေကို အပြိုင်အဆိုင်လုပ်နေကြပီ ငယ်ဘ၀ ကလေးကိုလွမ်းမိတယ်.......ညနေ ၅နာရီလောက်ဆိုရင် မီးထွန်းပွဲအတွက် သူငယ်ချင်းမိန်းကလေးတစ်တွေစုပြီး ပြင်ဆင်နေကြဘီ ၇နာရီလောက်မှာ မီးထွန်းပွဲစတယ် ဆီမီးခွက်ကလေးတွေကိုကိုင်ပြီး စီတန်းလှည့်တယ် ဘုရားတွေအားလုံးသွားပီး ဆီမီးပူဇော်ကြတယ် သူငယ်ချင်း ယောကျာင်္လေးအဖွဲ့က ဗျောက်ဖေါက်ဘို့ ပြင်ဆင်နေကြတယ် (အဲဒီအချိန်က ဗျောက်ဖေါက်လို့ရတယ်)။ အပျိုချောကလေးတွေနားမှာ အကူညီပေးမလိုလုပ်ပီး ကပ်လိုက်ကြတယ်လေ...........
တစ်ညကို ဘုရား ၅ဆူလောက် ပူဇော်ရတယ်.......ရေလည်ဘုရားကို ပူဇော်နေကြရင် အရမ်းကြည့်ကောင်းတယ် ဘုရားစေတီပေါ်က ဆီမီးတွေရယ် ရေထဲက ဆီမီးတွေရယ် ကောင်းကင်ပေါ်က လမင်းကြီးရဲ့ အလင်းရောင်ရယ်ဟာ ကြည့်လို့မ၀နိင်တဲ့ ရှုခင်းကလေးဘဲ ........ အခုချိန်ထိ မျက်စေ့ထဲမှာ ပြန်မြင်ယောင်ပီး ကြည်နူးနေမိတယ်........သီတင်းကျွတ်ရောက်ပီဆိုရင် သူငယ်ချင်းတွေကိုလည်း လွမ်းတယ် အညာကိုလည်းလွမ်းတယ်..............
No comments:
Post a Comment