Sunday, May 3, 2009

ရင်တွင်း








နေပူကို လေပူက မှုတ်ထုတ်လိုက်တော့
အပူပေါ် အပူထပ်ဆင့်လို့
လောင်မြိုက်တဲ့ အငွေ့တွေက
တံလျှပ်လို ထွက်နေသော်လည်း
ငါ့ရင်ထဲ အပူမီးက
ဒီလောက်တော့ ခပ်ပြုံးပြုံး
ထီမထင် ဟန်အပြည့်
မာန်တင်းကာ ခေါင်းမော့လို့
ကိုးဆယ်သ သာလိမ့်မယ်။

No comments: