Monday, September 16, 2013

ရင်ဆိုင်ပစ်လိုက်


ရှုံးတာကို ကြောက်နေရင် ဘယ်တော့မှ မအောင်မြင်ဘူး

ဆင်းရဲမှာကို ကြောက်နေရင် ဘယ်တော့မှ မချမ်းသာဘူး

ပေးဆပ်လိုက်ရမှာကို ကြောက်နေရင် ဘယ်တော့မှ မရတော့ဘူး

ဘ၀ဆိုတာ ခပ်ကြီးကြီး လောင်းကစားတစ်ခုပါပဲ

Wednesday, September 11, 2013

အသိ


ငိုနေတဲ့ အခါ ချော့မယ့်သူမရှိဘူး။
ငါ... မျက်ရည်သုတ်ပြီး ရီတတ်လာတယ်။

ကြောက်တဲ့အခါ အနားမှာ ဘယ်သူမှမရှိဘူး။
ငါ...သတ္တိရှိလာတယ်။

စိတ်ညစ်တဲ့အခါ မေးမယ့်သူ မရှိဘူး။
ငါ... ပျော်ရွှင်တတ်လာတယ်။

ပင်ပန်းတဲ့အခါ မှီစရာ ပုခုံးမရှိဘူး။
ငါ... တယေက်တည်းနေတတ်လာတယ်။

Thursday, April 25, 2013

ညှိနေတဲ့ ညီမျှခြင်း

တည်ငြိမ်တဲ့ရုပ်
မတုန်လှုတ်တဲ့ ကျောက်တိုင်လား
မြင်သူမှာ အံ့သြလောက်၏.....

မုန်တိုင်းအောက် လှိုင်းကြီးအလား
ဟိုဒီအဝေး ပြေးလွှားနေတဲ့
ဖမ်းရခက် လှုတ်ခတ်နေတဲ့
ရင်တွင်းရဲ့ စိတ်လှိုင်းတံပိုး ......

ဒီနှစ်ခု ညီမျှအောင်
ဘယ်လိုပင် ထိန်ညှိလည်း
ညီမျှခြင်းရဲ့ တဘက်မှာ
ထွက်လာတဲ့ အဖြေတစ်ခုက
ဘ၀......... တဲ့လား......

Monday, February 4, 2013

ပျက်သုန်း


ဘာကိုပဲ လုပ်လုပ်
ထိုင်ငေးကာ ကြည့်ချင်နေတဲ့
ဖြူစင်တဲ့ ရင်တွင်းမေတ္တာ............
ဘယ်ကိုပဲ ရောက်ရောက်
ကြည်နူးဖွယ် ခံစားမိလည်း
မှန်းဆလို့ တမ်းတမိတာ..........
ရင်ထဲက ၀မ်းနည်းမှု
ဖြေဖြောက်ဖို့  သတိမရ
သတိတရတမ်းတမိတာ အရင်ဆုံးပါ...........
အထီးကျန် ခံစားမှု
ဖြစ်တည်ချိန် ရှိချင်မိတာ
ဘေးနားက အသံလေးပါ...............
ဘယ်တော့မှ ပြန်မရတဲ့
တည်ရှိခဲ့ ရင်တွင်းဆန္ဒ
တွယ်တာခဲ့ တိတ်တခိုး
ပျက်သုန်းတာ ငါ့ဘ၀ပါ..............

မှန်းဆ


သူ ...... လာမယ်ဆိုပြန်တော့
မသိချင်ယောင်ပဲ ဆောင်နေမလား
တာဝန်တွေဝန်းရံတဲ့ အကြည့်လေလား
မိတ်ဆွေဟောင်း၏ ၀မ်းသာလှိုက်လှဲမှုလား
သူ့ကြေးမုံပြင် ဘယ်လိုရှိပါလိမ့်
သေချာတာ တစ်ခုကတော့
တွေ့ကြရဦးမယ်ပေါ့..................

Tuesday, January 1, 2013

ရင်ခွင်ပိုက်

-->
ငဲ့ညှာမှု ပတ်လည်ဝိုင်း
ဆုတ်ပြန်ပြီ အလျှော့ပေးမှု
ပလုံစီ မဆုံးတဲ့အလုပ်
ကိုယ့်အတွက် တခုမှမပါ........

စေတနာ အသိမှတ်ပြု
မြူမှုံတောင် မရှိကြလေတော့
လက္ခဏာဆို ဝေးဝေးမှာ........

ငိုနေတဲ့ ငါ့ရင်ထဲ
မှန်းဆဘို့ ငဲ့သူနတ္ထိ
ဝင်ကြည့်သူ ဗလာပြ
ဘ၀ပေး နားလည်မှုက
ခါးသည်းမှု ရင်ခွင်ပိုက်......