Monday, December 31, 2012






 
၂၀၀၃ နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းအပေါင်းနှင့် ပြည့်စုံပြီး ပျော်ရွှင်မှု အပေါင်းနှင့်ပြည့်စုံနိုင်သူများ ဖြစ်ကြပါစေ။

Tuesday, December 11, 2012

ဇွဲမာန်


ဘယ်ဆီကိုမျှော်မှန်း
မှန်းဆလို့မရနိုင်
ဘယ်လမ်းကိုရည်ရွယ်ပြီး
ဘယ်ဆီကိုလျှောက်လှမ်းရပါ့
တွေးလိုက်လေပြတ်မထင်
ပိုလို့သာမှိန်သွားတဲ့
မှိန်ပျပျဘ၀ခရီး
မာန်ကိုတင်းအံကိုခဲကာ
မလျော့တဲ့ဇွဲလေး
တည်းတည်းလေးကျန်...........

Tuesday, August 7, 2012

တွေ့ခဲ့ဘူးကြတဲ့ အချိန်ကာလ
ရင်းနှီးခဲ့ဘူးကြတဲ့ ဒီမျက်နှာ
ရှိခဲ့ဘူးကြတဲ့ သံယောဇာဉ်
ထောက်ထားလို့ ညှာတာရင်ဖြင့်
တချက်ကလေးတော့ ငဲ့ကြည့်လိုက်ပါဦး။

Wednesday, January 25, 2012

အဝေးမှာ

အော်..... တောင်ကမူကုန်း ရွက်ကြားသစ်ပင်
အားအင်ချိနဲ့ ဆောင်းငွေ့လှိုင်လိုင်
လေထန်ဝုန်းဝုန်း ကပ်ကြားတဲငယ်
နေရပ်ဌာဝယ်.................

မလှုတ်မလျှက် ဖြောင်မတ်ခန္ဒာ
တိတ်ဆိတ်ငြိမ်သက် မြင်နေသော်လည်း.......

မိုင်ထောင်ဝေးကွာ ဟိုရောက်ဒီရောက်
နီးလိုက်ဝေးလိုက် အားမာန်ပြင်းပြင်း
အရှိန်ဟုန်ဖြင့် ပြေးလွှားနေသော
ဒီစိတ်လေးကို
ကိုယ်မှာသတိ ကပ်ငြိနေအောင်
ခြွေးသီးပေါက်ပေါက် ကျလောက်အောင်ထိမ်း
မယိမ်းယိုင်အောင်
အားအင်ကုန်ခန်း မောပန်းနွမ်းလျှ
ချိနဲ့သိမ်ငယ် ရှိလှပါကား.....................

Wednesday, December 28, 2011

မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ မကြီး ဆုမွန်ကောင်းတောင်းလိုက်ပါတယ်

Tuesday, September 21, 2010

ဟိုး..... တုံးက

ရုပ်ချော ပိုက်ဆံ
ရာထူးဂုဏ်ရှိန်ဝါ
ဘာမှမရှိတဲ့ ကလေးဘ၀မှာ
ဖြတ်မရတဲ့ သံယောဇဉ်ကြိုး
ဖြစ်တည်ရှိခဲ့ ငါတို့ရင်ထဲ.......

ကိုယ့်သားသမီးမှ တန်ဖိုးကြီးလွန်းနေတဲ့
မင်းမိဘရဲ့ ခြားနားချက်ကို
ငါသိလိုက်တဲ့ အချိန်မှာ.......

ငါ့ရင်ထဲမှာ တိတ်တိတ်ကြေကွဲ
မမြင်ကွယ်ရာ ကျခဲ့မျက်ရည်
မဆုံနိုင်တဲ့ ဒီဘ၀အတွက်
ရင်နဲ့ရင်းပြီး တောင်းဆုတခု
ငါပြုခဲ့မိ.....................

နင်ကငါ့ကို
ချစ်တယ်ဆိုတဲ့ နှုတ်ဖွင့်စကား
မပွင့်ပါနဲ့ ဒီတစ်သက်မှာ........

ကြေကွဲခံစား ရင်နင့်မှုများ
နင့်အတွက်ကို မြူမှုံတစ်ခု
ဘ၀တလျှေက်လုံး မကျစေချင်
ငါတစ်ယောက်သာ ယူလိုက်ချင်တဲ့
ပေးဆပ်ချင်တဲ့ ငါ့ရဲ့ချစ်ခြင်း..........

အော်......
အချိန်တွေလည်း ငြောင်းခဲ့လှပြီ
ရာသီတွေလည်း ပြောင်းခဲ့လှပြီ။

Wednesday, September 15, 2010

အလှများ

နွေ
မိုးတိမ်ကင်းစင် ပြာလဲ့ရောင်နဲ့
လှနေပါတဲ့ မိုးကောင်းကင်..........

မိုး
တိမ်လိပ်တိမ်စိုင် ပြေးလွားနေတဲ့
ပန်းချီရှုံးလောက်တဲ့ တို့ကောင်းကင်......

ဆောင်း
မြူတွေအုံဆိုင်း မှုံဝါးဝါးသာ
ကောင်းကင်ပြင်ကို တို့မြင်တွေ့ရ........

ရာသီဘယ်လို ပြောင်းနေသော်လည်း
ထာဝရာ မပျက်
လှပနေတယ် လှနေပါတယ်
မိုးကောင်းကင်။

Wednesday, September 1, 2010

လွမ်းရက်ကယ်ရှည်

ိထိန်ထိန်သာ ဖိုးလမင်းကို
သူလည်းငါ့လို ကြည့်နေမယ်ဆို
အခုဘယ်မှာ ရောက်နေလဲ......
အဆင်ပြေလား ကျန်းမာလား.......
ပျော်ရွှင်ရဲ့လား တမ်းတနေလား.......
မှန်းဆမျှော်မှန်း တောင့်တဆုမွန်
ရင်ထဲလှိုက်လှဲ ပေးတဲ့မေတ္တာ
လမင်းမှတဆင့် သူရပါစေ............