Monday, September 16, 2013

ရင်ဆိုင်ပစ်လိုက်


ရှုံးတာကို ကြောက်နေရင် ဘယ်တော့မှ မအောင်မြင်ဘူး

ဆင်းရဲမှာကို ကြောက်နေရင် ဘယ်တော့မှ မချမ်းသာဘူး

ပေးဆပ်လိုက်ရမှာကို ကြောက်နေရင် ဘယ်တော့မှ မရတော့ဘူး

ဘ၀ဆိုတာ ခပ်ကြီးကြီး လောင်းကစားတစ်ခုပါပဲ

Wednesday, September 11, 2013

အသိ


ငိုနေတဲ့ အခါ ချော့မယ့်သူမရှိဘူး။
ငါ... မျက်ရည်သုတ်ပြီး ရီတတ်လာတယ်။

ကြောက်တဲ့အခါ အနားမှာ ဘယ်သူမှမရှိဘူး။
ငါ...သတ္တိရှိလာတယ်။

စိတ်ညစ်တဲ့အခါ မေးမယ့်သူ မရှိဘူး။
ငါ... ပျော်ရွှင်တတ်လာတယ်။

ပင်ပန်းတဲ့အခါ မှီစရာ ပုခုံးမရှိဘူး။
ငါ... တယေက်တည်းနေတတ်လာတယ်။