Tuesday, January 1, 2013

ရင်ခွင်ပိုက်

-->
ငဲ့ညှာမှု ပတ်လည်ဝိုင်း
ဆုတ်ပြန်ပြီ အလျှော့ပေးမှု
ပလုံစီ မဆုံးတဲ့အလုပ်
ကိုယ့်အတွက် တခုမှမပါ........

စေတနာ အသိမှတ်ပြု
မြူမှုံတောင် မရှိကြလေတော့
လက္ခဏာဆို ဝေးဝေးမှာ........

ငိုနေတဲ့ ငါ့ရင်ထဲ
မှန်းဆဘို့ ငဲ့သူနတ္ထိ
ဝင်ကြည့်သူ ဗလာပြ
ဘ၀ပေး နားလည်မှုက
ခါးသည်းမှု ရင်ခွင်ပိုက်......